Monday, February 2, 2009

တောင်ပေါ်နှင့် နယ်စပ်ဒေသ ပြင်းထန်သည့် အအေးဒဏ် ခံရ

Sunday, January 18, 2009




Saturday, 17 January 2009 16:19 ကိုစိုး / အောင်သက်ဝိုင်း
E-mail Print
မြန်မာနိုင်ငံ အရှေ့ခြမ်း၊ အနောက်ခြမ်းရှိ တောင်ပေါ် တိုင်းရင်းသား ဒေသများနှင့်နယ်စပ်ဒေသ များမှ ဒေသခံများ အပါအ၀င် နယ်စွန် နယ်ဖျား ထောင်များရှိ နိုင်ငံရေး အကျဉ်းသားများသည် ရာသီဥတုအအေးဒဏ်ကို ဆိုးဝါးစွာ ခံနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း အစာရေစာငတ်မွတ်သည့် ဘေးကြုံတွေ့ခဲ့ရသောချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ သည် အအေးဆုံးဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာကလည်း ဖော်ပြခဲ့သည်။

[ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - www.nairobroo.com)]

ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - www.nairobroo.com)
ယင်းသို့ရာသီဥတု ဆိုးဝါးစွာအအေးပိုလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က မြန်မာနိုင်ငံ၏ တချို့နေရာများတွင် ပုံမှန်ရှိနေပြီး တချို့နေရာများတွင် ပျမ်းမျှ အပူချိန်အောက် ဖြစ်နေသည်ဟု ဧရာဝတီသို့ ပြောပြသည်။

“အထူးသဖြင့် ဟားခါးမှာတော့ ပျမ်းမျှအပူချိန်အောက် ၄ ဒီဂရီစင်တီဂရိတ် (- 4) လောက်တော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာအရ ဆိုပါလျှင် ညအချိန်များတွင် ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီ စင်တီဂရိတ် အောက်ရှိကြောင်း၊ အထူးသဖြင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် နယ်စပ်ဒေသများတွင် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ဦးထွန်းလွင်က ဆက်လက်ပြီး ယခုရာသီဥတုအအေးပိုလာခြင်းမှာ တချို့ပြောနေသည့် အအေးလှိုင်းဟု မသတ်မှတ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီအတိုင်းအတာနဲ့ အအေးလှိုင်းတို့ဘာတို့ ပြောလို့ မရပါဘူး၊ ကျနော်တို့ မိုးလေ၀သ ရဲ့သတ်မှတ်ချက်အရတော့ အအေးလှိုင်းလို့ပြောလို့ မရပါဘူး”ဟု ဦးထွန်းလွင်က ပြောသည်။

အအေးဒဏ် ပြင်းထန်စွာခံရသောနေရာများမှ ဒေသခံများကမူ မီးဖိုများပင် ဖို၍ နေကြရသည်ဟု ပြောပြသည်။

“သူတို့တွေမှာ အနွေးထည်တို့ ခြုံစောင်တို့မရှိတဲ့သူတွေတောင် ရှိတယ်၊ ၀ယ်စရာ ပိုက်ဆံမရှိကြလို့”ဟု ဟားခါး မှ ချင်းအမျိုးသား တဦးက ပြောသည်။

ယခုကဲ့သို့ ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ခံနေကြရသော်လည်း လူအသေအပျောက် ရှိသည်ဟု မကြားသိရ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တချို့သော နေရာဒေသများတွင် မြူများ ထူထပ်စွာ ကျဆင်းနေသောကြောင့် တောင်ပေါ်လမ်းများပေါ် သွားလာ သူများအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟုလည်း အဆိုပါ ချင်းအမျိုးသား က ပြောသည်။

တောင်ပေါ် ဒေသရှိ ကျောင်းတက်နေသော ကလေးများမှာလည်း အနွေးထည်များလုံလောက်စွာ မရှိသော ကြောင့် ရာသီဥတု ကြည်လင်သည့်အချိန်တွင်မှ ပြင်ပသို့ ထွက်၍သွားလာနိုင်ကြကြောင်း၊ မြူများ ကျရောက်ချိန် တွင် ကျောင်းခန်းအတွင်း အနွေးဓာတ်ရရန် မီးဖိုဖြင့်နေကြရကြောင်းလည်း သိရသည်။

တချိန်တည်းတွင်ပင် မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်နှင့် ထိစပ်နေသော အိမ်နီးချင်းထိုင်းနိုင်ငံရှိ မြို့နယ် ၉ ခုကို ရာသီဥတု ဆိုးဝါးနေသော သဘာဝဘေးဒဏ်ခံဒေသများအဖြစ် တာ့ခ် ခရိုင် အာဏာပိုင်များက ကြေညာ ထားသည်။

ယင်းကြေညာချက် ထုတ်ပြန်ထားသည့်ဒေသများတွင် မြန်မာစစ်အစိုးရ စစ်တပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ထွက်ပြေးရောက်ရှိလာသော ရွှေ့ပြောင်း ကရင် တိုင်းရင်းသားများစွာနေထိုင်လျက်ရှိပြီး ၎င်းတို့တွင် ခြုံစောင်များ၊ အနွေးထည်များ လိုအပ်နေကြကြောင်း ပြည်တွင်းရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ(CIDKP)ကလည်း ပြောဆိုသည်။

ထိုသို့ ရုတ်တရက် ရာသီဥတု ဆိုးဝါးစွာ အေးသည့်ဒဏ်ကို မကြာသေးသောလများအတွင်း နယ်ထောင်များသို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသား တချို့သည်လည်း ခံကြရသည်။

ထိုင်းနိုင်ငံ အခြေအစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အဆိုအရ ပဲခူးတိုင်း တောင်ငူမြို့အနီးရှိ လေးမိုင် ရဲဘက်စခန်းတွင်ရောက်ရှိနေသော နိုင်ငံရေးအကျဉ်း သား ကိုဇော်နိုင်ထွေး သည် ထောင်အာဏာပိုင်များ၏ အသက်အန္တရာယ် ဖြစ်နိုင်သည့် ကြမ်းတမ်းစွာ ဆက်ဆံမှု ကို ခံနေရကြောင်း သိရသည်။

ကိုဇော်နိုင်ထွေးကို လတ်တလောတွင် အကျဉ်းထောင်အာဏာပိုင်များက သံခြေချင်းခတ်၍ အလုပ်ကြမ်းများ ခိုင်းစေနေကြောင်း၊ အစာရေစာ လုံလောက်စွာ မကျွေးမွေးကြောင်းလည်း AAPP က ပြောပြသည်။

“အထူးသဖြင့် ရဲဘက်စခန်းတွေမှာ အခြေအနေပို ဆိုးနိုင်ပါတယ်၊ အိပ်စရာ နေရာထိုင်ခင်း၊ ခြုံစောင်တွေ မလုံလောက်ဘူး၊ မိသားစုတွေက မထောက်ပံ့နိုင်ရင် ပိုဆိုးနိုင်ပါတယ်”ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလည်း စစ်အာဏာပိုင်များကပြောင်းရွှေ့ထားသော ကြောင့် လက်ရှိ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ ထောင်တွင် ရှိနေကြောင်း သိရသည်။

“ကိုမင်းကိုနိုင်က ပြောတယ်၊ သူရောက်နေတဲ့ နေရာမှာ အေးတာက ရေခဲသေတ္တာထဲမှာ နေရသလိုပဲတဲ့” ဟု လည်း ဦးဘိုကြည်က ပြောပြသည်။

မြန်မာငွေ ရုတ်တရက်မာ၊ ငွေလွှဲလုပ်ငန်းတချို့ ရပ်ဆိုင်း

Thursday, January 22, 2009




Thursday, 22 January 2009 19:09 အေးချမ်းမြေ့
မြန်မာငွေဈေး ၂ ရက်အတွင်း ရုတ်တရက် တက်လာပြီး မြန်မာငွေနှင့် ဆက်စပ် နေသည့် အမေရိကန် ဒေါ်လာ၊ ထိုင်း ဘတ်ငွေ၊ တရုတ် ယွမ်ငွေ၊ စင်ကာပူ ဒေါ်လာ စသည့် ငွေကြေးများ ဈေးထိုးကျသွားသဖြင့် တချို့သော ငွေလွှဲလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း ကြားသိရသည်။

ယနေ့အမေရိကန် တဒေါ်လာ ပေါက်ဈေး (ရောင်းဈေး) မှာ ၁၀၇၀ ကျပ်သာရှိပြီး ယမန်နေ့က ၁၁၀၀ ကျပ်ဖြစ်သည်။ ၂၀ ရက်နေ့က အမေရိကန် တဒေါ်လာ ပေါက်ဈေး (ရောင်းဈေး) မှာ ၁၁၉၀ ကျပ်အထိ ရှိခဲ့သည်။

ထိုင်းဘတ် ၁ ဘတ်လျှင် လွန်ခဲ့သည့် ၂ ရက်ခန့်က ကျပ် ၃၀ ကျော် ဝန်းကျင်ခန့် ရှိရာမှ ယမန်နေ့ ညနေက ၂၅ ကျပ် ဝန်းကျင်သာ ရှိတော့သောကြောင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ငွေလွှဲသည့် လုပ်ငန်းလုပ်ကိုင်နေသူတချို့ လုပ်ငန်းရပ်ဆိုင်းထားသည်ဟု ကြားသိရသည်။

“လွန်ခဲ့တဲ့ ၂ ရက်က မြန်မာငွေ ၁ သိန်းအတွက် ဘတ် ၃၂၀၀ ကျော်ပဲလွှဲရတယ်။ မနေ့ညနေက ၃၄၀၀ ကျော်ဖြစ်သွားတယ်။ ရုတ်တရက်ကြီးအဲလို ဖြစ်သွားတော့ အလုပ် ဆက်မလုပ်ရဲတော့ဘူး။ ခဏရပ်ထားဦးမယ်။ ဘယ်တော့မှ ပြန်ဖွင့်နိုင်မလဲ မပြောတတ်ဘူး” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်၍ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

စင်ကာပူ နိုင်ငံမှ မြန်မာငွေလွှဲနှုန်းလည်း တရိပ်ရိပ်ထိုးကျလျှက်ရှိရာ ဇန်နဝါရီ ၁၇၊ ၁၈၊ ၁၉ ရက် နေ့များတွင် စင်ကာပူ ၁ ဒေါ်လာလျှင် မြန်မာကျပ် ၇၅၀ ဝန်းကျင်ရှိနေရာမှ ၂၀ ရက်နေ့တွင် ၇၃၇ ကျပ်၊ ၂၁ ရက်နေ့တွင် ၇၂၀ ကျပ်ဖြစ်သွားပြီး ယနေ့ငွေလွှဲနှုန်းမှာ ၇၁၅ ကျပ် ဝန်းကျင်သာရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ထိုနှုန်းများမှာ စင်ကာပူ ဒေါ်လာ ၁ ထောင်နှင့်အထက် လွှဲသူများအတွက်ဖြစ်သည်။

“မနက်က ကျနော်လှမ်းမေးတော့ ၇၀၇ ကျပ်တဲ့။ အဲဒါနဲ့ မလွှဲဖြစ်တော့ဘူး” ဟု စင်ကာပူ တွင် အလုပ်လုပ်နေ သည့် မြန်မာနိုင်ငံသား ကွန်ပျူတာ Hard ware ပညာရှင် တဦးက ပြောပြ သည်။

စင်ကာပူရှိ ငွေလွှဲလုပ်ငန်းတချို့ လုပ်ငန်းရပ်ဆိုင်းထားသကဲ့သို့ မြန်မာပြည်သို့ ငွေပို့မည့်သူ အတော်များများ သည်လည်း ယခုရက်ပိုင်းအတွင်း ငွေမပို့ကြကြောင်း ကြားသိရသည်။

တရုတ် - မြန်မာနယ်စပ်တွင်လည်း ငွေလဲနှုန်းအနေနှင့် မြန်မာငွေ ကျပ် ၁ သိန်းအတွက် ၅၆ ယွမ် မှ ၅၇၊ ၅၈ စသည်ဖြင့် တရိပ်ရိပ်တက်လာရာ ယခုအခါ ၆၀၊ ၆၁ ယွမ်အထိ ဖြစ်လာသည် ဟု သိရသည်။

“ဗမာငွေဈေးတက်လာတာပါ။ ခုချိန်မှာ အရောင်းအဝယ်တွေအားလုံးလည်း ရပ်နေတယ်။ အရောင်းအဝယ်ရပ်တာကတော့ တရုတ်နှစ်သစ်ကူးနဲ့လည်း ဆိုင်ပါတယ်။ တရုတ်ဘက်က လည်း မဝယ်တော့ဘူး။ မြန်မာဘက်ကလည်း မရောင်းကြတော့ဘူး” ဟု တရုတ်မြန်မာ နယ်စပ်တွင် ကျောက်စိမ်းအရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည်တဦးက ပြောပြသည်။

ဒေါ်လာဈေးအတက်အကျမှာ နိုင်ငံ၏ export - import နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ရန်ကုန်တွင် နေထိုင်သည့် လုပ်ငန်းရှင်တဦးဖြစ်သူ ကိုအေးသူရက ပြောသည်။

၎င်းက ပြည်တွင်း၌ ဒေါ်လာဈေးကျခြင်းမှာ ဒေါ်လာကို သုံးမည့်သူများ မရှိသောကြောင့် ဖြစ်သည်ဟု သုံးသပ်ပြသည်။ ဒေါ်လာကို မသုံးခြင်းမှာ အမျိုးမျိုးရှိနိုင်ပြီး အစိုးရ ကိုယ်တိုင်က သုံးခွင့်မပေးခြင်း (import ကို ကန့်သတ်ခြင်း)၊ ကမ္ဘာ့စီးပွားရေး ကပ်ကြောင့် ပြည်တွင်း ဝယ်လိုအား ကျလာကာ လုပ်ငန်းရှင်များ import မလုပ်တော့ခြင်း စသည်ဖြင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

“import သမားတွေ များရင် ယူအက်စ်ဒေါ်လာ demand က တက်လာမှာပဲ။ မြန်မာငွေ ဈေးတက်တာ import တွေ နည်း သွားတာနဲ့ အများကြီးဆိုင်တယ်။ ဒီမှာက သူများ နိုင်ငံတွေလို open market economy မဟုတ်တော့ ပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်ရဲ့ စီးပွားရေး တောင့်တင်းလာလို့ မြန်မာငွေ မာလာတာ မဟုတ်တာတော့ အသေအချာပဲ” ဟု ကိုအေးသူရက ဆက်ပြောသည်။

ငွေကြေးဈေးကွက် ကျွမ်းကျင်သူများကမူ ယခုကဲ့သို့ မြန်မာငွေဈေး ရုတ်တရက် ထိုးတက် လာခြင်းမှာ မှောင်ခိုဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အမြောက်အမြား ဝင်ရောက်နေ သောကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။

အတည်မပြုနိုင်သော သတင်းများအရ မှောင်ခိုဈေးကွက်အတွင်း အမေရိကန် ဒေါ်လာများ ဖောင်းပွနေရခြင်းမှာ ရန်ကုန်သို့ ဘိန်းမှောင်ခိုကြီးများဆင်းလာကာ ဘိန်းအရောင်းအဝယ် အကြီးအကျယ် ပြုလုပ်နေသောကြောင့်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တွင် ဒေါ်လာဈေး ထိုးကျနေသောကြောင့် မဖြစ်မနေ ရောင်းဝယ်နေသူတို့မှအပ ငွေကြေးအရောင်းအဝယ် မရှိကြောင်း စုံစမ်းသိရှိရသည်။

India Should Offer Chin Refugees Protection


January 28, 2009

For too long, ethnic groups like the Chin have borne the brunt of abusive military rule in Burma. It is time for this brutal treatment to stop and for the army to be held to account for its actions. India should step forward to protect those desperately seeking sanctuary.

Elaine Pearson, deputy Asia director at Human Rights Watch

(Bangkok) – Burma’s military government should end human rights abuses against the ethnic Chin population in Burma’s western Chin state, Human Rights Watch said in a report released today. Human Rights Watch also called on the Indian government and newly elected Mizoram state government to extend protection to Chin who have fled to neighboring India to escape ongoing abuses and severe repression in Burma.

In the 93-page report, “‘We Are Like Forgotten People’: Unsafe in Burma, Unprotected in India,” Human Rights Watch documents a wide range of human rights abuses carried out by the Burmese army and government officials. The abuses include forced labor, arbitrary arrests and detention, torture, religious repression and other restrictions on fundamental freedoms. In Mizoram state, India, Chin people remain at risk of discrimination and abuse by local Mizo groups and local authorities, and of being forced back across the border into Burma.

“For too long, ethnic groups like the Chin have borne the brunt of abusive military rule in Burma,” said Elaine Pearson, deputy Asia director at Human Rights Watch. “It is time for this brutal treatment to stop and for the army to be held to account for its actions. India should step forward to protect those desperately seeking sanctuary.”

This detailed report is based on extensive research carried out from 2005 to 2008. Human Rights Watch conducted about 140 interviews, some with Chin currently living in Chin state, but who cross the border to Mizoram for trade. Others interviewed have fled the country permanently, most in recent years. It provides a rare glimpse into the plight of Burma’s “forgotten people.”

Burma’s military government regularly arrests and imprisons ethnic Chin to stifle political dissent and intimidate them. The army places restrictions on many aspects of life for the Chin, including: curtailing their freedom of movement; regularly confiscating and extorting money, food, and property; exacting forced labor, and coercing them to plant certain crops. One Chin man told Human Rights Watch, “We are like slaves, we have to do everything [the army] tells us to do.”

“We Are Like Forgotten People” also documents abuses committed by the opposition Chin National Front and its armed branch, the Chin National Army, such as harassment, beatings and extortion from Chin villagers. One Chin church leader now living in Mizoram said, “These underground groups, rather than being a help, make life even more difficult for us.” Human Rights Watch called on both the Burmese army and armed groups to end abuses, and for Burma’s ruling State Peace and Development Council (SPDC) to allow humanitarian agencies unfettered access to Chin State.

Chin farmers and their families regularly are forced to leave their fields to porter goods for the Burmese army, build roads, and construct army barracks, sentry posts, and other military buildings. This undermines the ability of Chin people to survive in one of Burma’s poorest states, particularly in areas suffering food shortages and famine caused by a massive rat infestation. The Burmese government’s aid restrictions hamper humanitarian agencies trying to provide relief to populations at risk.

“The famine in Chin state is a natural disaster, and aid restrictions and demands for forced labor are only making the situation worse,” said Pearson.

Abuses have led tens of thousands of Chin to flee Burma, with many crossing the border to neighboring Mizoram state in India without documents. But local voluntary organizations and government officials in Mizoram have at times forcibly evicted Chin and returned them to Burma.

This violates India’s obligations under international law not to return people to a country where their lives or freedoms could be threatened, or where they could be at risk of persecution. Although many of the Chin who flee Burma would qualify as refugees, the UN High Commissioner for Refugees (UNHCR) is barred from accessing the Chin population living along the border, so only those who make the 2,460 kilometer trek to UNHCR’s office in Delhi can file their claims. India is not a party to the Convention Relating to the Status of Refugees but it has signed the Convention Against Torture and Cruel, Inhuman or Degrading Treatment.

Chin who manage to remain in Mizoram also face religious repression and severe discrimination in access to housing and education.

Human Rights Watch called on the Indian government to protect Chin asylum-seekers and refugees, and to give UNHCR access to Mizoram state to register them. On December 2, 2008, Mizoram state elections resulted in a sweeping victory for the Indian National Congress, the country’s governing party, which has not been in power there for a decade. In the past, members of Mizoram’s Indian National Congress have called for action against Chin migrants and have been even less sympathetic than the previous state government to the plight of those fleeing human rights abuses in Burma.

“Instead of ignoring the plight of the Chin, the Indian government should protect them and prevent any actions or initiatives to forcibly return them to Burma,” said Pearson, “It will be a test for the new state government of Mizoram to address ongoing discrimination against the Chin.”

The report also calls on members of the international community such as the Association of Southeast Asian Nations (ASEAN), the United States and the European Union to increase humanitarian assistance to Chin state, provided it can be delivered without unnecessary interference from Burma’s military government, and to strengthen targeted sanctions if Burma does not meet specific human rights conditions.

“The Chin are unsafe in Burma, and unprotected in India, but just because these abuses happen far from Delhi and Rangoon does not mean the Chin should remain ‘forgotten people’,” said Pearson. “ASEAN, the EU and the US should tell Burma and India that it long past time for these abuses to end.”

Selected accounts from ethnic Chin interviewed for the report

“The army has called me many times to porter, more than 10 times. When I cannot carry their bags, they beat me. [The soldiers] get angry and slap us and kick us. They tell us to go faster. Normally, I’d have to porter for two to three days. It’s not possible to refuse. One time I tried to refuse to go because I was so tired and the things we are made to carry are very heavy. When I tried to refuse, they beat me. They said: ‘You are living under our authority. You have no choice. You must do what we say’.”
– Chin woman from Thantlang township, Chin state, Burma

“[The police] beat me with a stick and they used the butt of their guns. They hit me in my mouth and broke my front teeth. They split my head open and I was bleeding badly. Repeatedly, they hit me in my back with their guns. Because of this, my back is still injured and I have trouble lifting heavy objects. They also shocked me with electricity. They had a battery and they attached some clips to my chest. They would turn the electricity on and when I couldn’t control my body any longer, they switched the battery off. They kept doing this for several hours. They did the same thing to the pastor’s son. They told me they would only stop beating us when we told them information about the CNA [Chin National Army]. We kept telling them we didn’t know anything.”
– A Chin man from Sagaing division, Burma, describing how the police arrested, tortured, and detained him for three days after being accused of having affiliations with the Chin National Army

“Many times the SPDC force us to give them our chicken or rice. They come and ask for these things. If we don’t give it freely to them, they just take it. They will kill our chickens in front of us and take it all.”
– An 18-year-old girl from Matupi township, Chin state, who left Burma in 2008

“[Some Mizo residents] take advantage of our position and demand money, threatening that if we don’t pay up they’ll inform the police or the YMA [Young Mizo Association]. There are some Mizos who simply just hate the sight of us and challenge us or threaten to beat us up. Life is hell for us. We cannot protect ourselves, as this will cause further furor. We have to just make ourselves seem small and avoid these dangers. To be Burmese is to face discrimination.”
– Chin woman living in Mizoram, India

နောက်ကျတဲ့ခြေတောက်သစ္စာဖောက်


ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

စက်တင်ဘာ အရေးအခင်းဖြစ်ပြီးနောက် နိုင်ငံတကာဖိအား နှင့် ပြည်တွင်း၌ ဆန္ဒပြမှုများ ဖြစ်ပေါ်လာရန် အခြေ အနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးသည် ယနေည ၈ နာရီတွင် စစ်အုပ်ချူပ်ရေးရပ်စဲကြောင်း ကြေငြာ လိုက်ရသည်။

နောက်တနေ့ မနက်စောစော အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မ တွေ့၍ အိမ်ဂေဟာပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သော အခါတွင်လည်း အိမ်တော်ဝန်းတ၀ိုက် အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်းအပြင်ဘက် ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံ စွာ ကြားနေရသည်၊

ရုတ်တရက် တယ်လီဖုန်းသံ ကျယ်လောင်စွာမြည်လာ၍ ကောက်ကိုင်လိုက်ရာ …….

“ဟဲလို ဗိုလ်ချူပ်မှူးကြီးလားခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”

“ကောင်းပါတယ် ဒါနဲ့ဘာတွေဖြစ်ကုန်တာတုံး ငါဘာမှနားမလည်နိုင်တော့ဘူး --- တယောက်မှလည်း မရှိတော့ဘူး”

“အခြေအနေကို ပိုနေမြဲ ကျားနေမြဲ ထိမ်းထားရင်ရသေးတယ်လို့ ဒါမှကျနော်တို့ ပြေးဖို့အတွက် ပြင် ဆင်ချိန်ရမှာလို့ အခုတော့ တပ်ခေါင်းဆောင်ပိုင်းက အားလုံးပြေးကုန်ကြပြီလေ”

“ဟေ့! မထင်တာတွေ အားလုံးဖြစ်ကုန်ပါကကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာ ပေါ့ ဟုတ်လား”

“ဟင့်အင်း ---- ကျနော် ပီကင်း ကနေ ဆက်နေတာ”

တကယ်လို့များ


ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။

ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ်အ ကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးကထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”
ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။